ဂရပ်ဖစ်ဒီဇိုင်းအခြေခံ အပိုင်း ( ၈ ) – တစ်စုတစ်စည်းတည်းရှိမှု
ဒီတစ်ပိုင်းကတော့ ကျွှန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်းအခြေခံ နှင့် ပုံသေနည်းများ ဆောင်းပါးတွဲရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ တစ်စုတစ်စည်းတည်းဖြစ်မှု Unity အကြောင်းဘဲဖြစ်ပါတယ်။ တစ်စုတစ်စည်းတည်းဖြစ်မှုဆိုတာကတော့ ကျွှန်တော်တို့ ဒီဇိုင်းထဲမှာရှိတဲ့ ဒီဇိုင်းအစိတ်အပိုင်း တစ်ခုနဲ့ တစ်ခုက အပြန်အလှန်ချိတ်ဆက်ရင်းနဲ့ ရည်ရွယ်ချက်တစ်ခုထဲကို အတူတကွ ဖော်ဆောင်တာမျိုးကို ပြောတာဖြစ်ပါတယ်။