ဂရပ်ဖစ်ဒီဇိုင်းအခြေခံ အပိုင်း ( ၄ ) – ထပ်တလဲလဲဖြစ်မှု
ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ပုံသေနည်းတွေထဲက ထပ်တလဲလဲဖြစ်မှုဆိုတာကတော့ ဒီဇိုင်း အစိတ်အပိုင်းတွေဖြစ်တဲ့ မျဉ်းတွေ၊ အရောင်တွေ၊ ထုထည်စတာတွေပါဝင်ပေါင်းစပ်ဖန်တီးထားတဲ့ဒီဇိုင်း တစ်ခုခုကို ထပ်ကာထပ်ကာ အသုံးပြုတာကိုပြောတာပါ။ ထပ်တလဲလဲပြောတာတို့၊ ထပ်တလဲလဲလုပ်တာတို့က အမြဲတမ်းဆိုရင် ရိုးလာတတ်ပေမဲ့ ဒီဇိုင်းမှာတော့ သုံးတတ်မယ်ဆိုရင် အားသာမှုတစ်ခုအနေနဲ့ ရှိပါတယ်။