ဒီဇိုင်းသမိုင်း – အပိုင်း(၄) – Art Nouveau ဟန်ပန် (၁၈၉၀-၁၉၁၀)

ဒီဟန်ပန်ကတော့ အနုပညာ နဲ့ ဒီဇိုင်းလောကအတွက် တော်တော့် ကို စိတ်လှုပ်ရှားဖို့ ကောင်းစေခဲ့တဲ့ ဟန်ပန်ပါ။ ပြီးခဲ့တဲ့ အပိုင်း Art & Craft လှုပ်ရှားမှုရဲ့ အသီးအပွင့်တွေ ပွင့်ဖူးလာတဲ့ အချိန်ဖြစ်သလို တိုးတတ်လာတဲ့ ပုံနိုပ်စနစ်တွေကြောင့် ပျံ့ နှံမှုကလည်း ပိုမိုမြန်ဆန်လာပြီး နိုင်ငံအနှံအပြား မှာ နာမည်အသီးသီးနဲ့ အောင်မြင်ခဲ့တဲ့ ဟန်ပန်တစ်ခုလည်းဖြစ်ပါတယ်။

ဒီဇိုင်းသမိုင်း – အပိုင်း(၃) – Art & Craft လှုပ်ရှားမှု (၁၈၆၀-၁၉၃၀)

ဒီလှုပ်ရှားမှုကတော့ စက်မှုတော်လှန်ရေးနဲ့ တိုးတတ်လာတဲ့ နည်းပညာတွေကြောင့် ဖြစ်လာတဲ့ အလုပ်အကိုင်ရှားပါးမှုတွေ၊ အရည်အသွေးနိမ့်ပစ္စည်းတွေ များလာတာတွေ၊၊ အရေအတွက်ကိုသာ ဦးစားပေးပြီး လှပမှုမရှိသောပစ္စည်းများပေါများလာတာတွေ၊ ပိုက်ဆံရယုံဘဲကြည့်တဲ့ ကြေငြာတွေ ကြောင့် ဖြစ်လာတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဒီဇိုင်းသမိုင်း – အပိုင်း(၂) – ဗစ်တိုးရီးယန်းခေတ် (၁၈၃၇-၁၉၀၁)

ဗစ်တိုးရီးယန်းခေတ်ကိုတော့ အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီးယား နန်းတတ်ခဲ့တဲ့ ၁၈၃၇ ခုနှစ်ကနေ ၁၉၀၁ ခုနှစ်ထိကို ဗစ်တိုးရီးယန်းခေတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလဟာ အင်္ဂလန်အင်ပါယာရဲ့ ဘုန်းမီးနေလ တောက်ခဲ့တဲ့အချိန်လည်းဖြစ်ပြီး ကမ္ဘာကြီးရဲ့ ၄ပုံ ၁ပုံ ကို အင်္ဂလန် အင်ပါယာက ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဇိုင်းသမိုင်း – အပိုင်း(၁) – ပထမ စက်မှုတော်လှန်ရေး (၁၇၆၀-၁၈၄၀)

ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ အတွက် အတိတ်မှာ ဘာတွေဖြစ်ခဲ့တယ် ဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာတွေကို သိဖို့လိုပါမယ်။ ဒါကြောင့် ဒီဆောင်းပါးတွဲလေးကို ရေးဖြစ်သွားတာဖြစ်ပြီး ဒီဆောင်ပါးတွဲကနေပြီး ဒီဇိုင်းဆိုတာဘယ်လိုမျိုးဖြစ်လာတယ် ဘယ်လိုအချိန်မှာ ဘယ်လိုမျိုးတွေ ပြောင်းလဲသွားတယ်ဆိုတာတွေကို လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။