ကျွှန်တော့်ရဲ့ အမှတ်တံဆိပ် ဒီဇိုင်း
အမှတ်တံဆိပ် ဒီဇိုင်း
နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း
ဒီ ဒီဇိုင်းကို စပြီး စဉ်းစားထဲက ရိုးရှင်းသပ်ရက်ပြီး မှတ်မိလွယ်တဲ့ ပုံစံမျိုးကိုဘဲ အသားပေးရေးဆွဲဖို့ အာရုံစိုက်ခဲ့ပါတယ်။ ဒါကြောင့် ရိုးရှင်းပြီးထိရောက်တဲ့ ဒီဇိုင်းပုံစံရယ်၊ အလုပ်အပ်သူနဲ့ ပူပေါင်းလုပ်ဆောင် တဲ့နေရာမှာ လိုက်လျောညီထွေ နဲ့ စနစ်တကျရှိတဲ့ အလုပ်လုပ်တဲ့ ပုံစံတွေကို ထည့်သွင်းရေးဆွဲဖို့ စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ဒီ Logo ကို ဘဲအကြိုက်တွေ့ခဲ့ပါတယ်။
ဆက်လက်ပြီး ဒီဇိုင်းမှာ အသုံးပြုမဲ့ စာလုံးပုံစံရယ်၊ အရောင်တွေရယ်ကို စဉ်းစားပါတယ်။ စာလုံးပုံစံအနေနဲ့ ကတော့ Font Contrast ရှိအောင်ဆိုပြီး ခေါင်းစဉ်တွေအတွက် San Serif Font တစ်ခုဖြစ်တဲ့ Montserrat ကို ခေါင်းစဉ် နဲ့ ခေါင်းစဉ်ခွဲတွေမှာ အသုံးပြုထားပြီး စာပိုဒ်တွေအတွက်တော့ x-height မြင့်ပြီး ဖတ်ရလွယ်တဲ့ Serif Font တစ်ခုဖြစ်တဲ့ Lora ကို အသုံးပြုထားပါတယ်။ အရောင်တွေအနေနဲ့ တော့ သပ်ရပ်ပြီး အဖိုးတန်တဲ့ ခံစားမှုမျိုးအတွက် အဖြူ၊ အနက် နဲ့ ရွှေရောင်တွေကိုဘဲ ရိုးရှင်းစွာ တွဲဖက်အသုံးပြုထားပါတယ်။
နောက်ထပ်စဉ်းစားမိတာကတော့ လိပ်စာကဒ်အတွက် ဒီဇိုင်းဘဲဖြစ်ပါတယ်။ ရိုးရှင်းပြီးထိရောက်တဲ့ ဆက်သွယ်မှုတွေကို ကြိုက်တဲ့ ကျွှန်တော်အတွက် တော့ အနောက်တိုင်းမှာဆို Swiss Design နဲ့ အရှေ့တိုင်းမှာဆို Muji Design စတဲ့ ဒီဇိုင်းတွေက တော်တော်လွမ်းမိုးထားပါတယ်။ Layout တွေနဲ့ Composition ပိုင်းတွေကို အချိုးကျကျသုံးစွဲ ပြီး ပုံသေသဘောမျိုးမဟုတ် တဲ့ အသက်ဝင်တဲ့ ဒီဇိုင်းတွေဖန်တီးရတာကို နှစ်သက်တဲ့ ကျွှန်တော်အတွက်တော့ လိပ်စာကဒ်ဒီဇိုင်းတွေကို ရေးဆွဲဖန်တီးရတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကြောင့် ကျွှန်တော်ရဲ့ လိပ်စာကဒ် ဒီဇိုင်းကို ပုံမှန်ဟန်ချက်ညီမှုထက် Visual Tension တွေနဲ့ Composition တွေကို အဓိကထားရေးဆွဲထားပြီးတော့ Golden Ratio လို့ခေါ်တဲ့ ရွှေအချိုးကို အောက်ခံတည်ဆောက်မှုအနေနဲ့ အသုံးပြုထားပါတယ်။
ရှေ့ဆက်ပြီးတော့ အမှတ်တံဆိပ်ဒီဇိုင်း စနစ်ကို ပြည့်စုံဖို့အတွက်ကို Letterhead ဒီဇိုင်းကို စဉ်းစားပါတယ်။ Letterhead ဒီဇိုင်းကို စဉ်းစားတဲ့အခါမှာလည်း ရိုးရှင်းသပ်ရပ်ပြီး ဆွဲဆောင်မှုရှိဖို့အပြင် လက်တွေ့မှာလည်း အသုံးပြုရလွယ်ကူအောင် ပါထည့်သွင်းစဉ်းစားရပါတယ်။ ဒါကြောင့် Letterhead ကိုစာအိတ်ရှည်ထဲမှာ သုံးခေါက်ခေါက်ပြီး ထည့် မှာဖြစ် တဲ့အတွက် အကြမ်းအားဖြင့် အဓိကဖြစ်တဲ့ အကြောင်းအရာ၊ နေ့စွဲ နဲ့ Logo တွေကို အပေါ်ဆုံးအပိုင်းမှာထည့်သွင်းပါတယ်။ ရှေ့ဆက်ပြီးတော့ Letterhead ရဲ့ အလေယ်ပိုင်းမှာတော့ စာရေးဖို့အတွက် နေရာထားထားပြီးတော့ နောက် ဆုံးအပိုင်းကို တော့ စာကြွင်း နဲ့ website လိပ်စာတွေကို ထည့်သွင်းဆွဲသားပေးထားပါတယ်။
နောက်တစ်ခုအနေနဲ့ကတော့ Freelance ဒီဇိုင်နာတွေအတွက် မရှိမဖြစ်တဲ့ Invoice ဒီဇိုင်းပါ။ သူ့ရဲ့ အခြေခံတည်ဆောက် ပုံကတော့ Letterhead နဲ့ တူတူဘဲဖြစ်ပြီး အပေါ်ဆုံးအပိုင်း မှာတော့ လက်ခံရရှိမဲ့သူရဲ့ နာမည် လိပ်စာ နဲ့ Invoice နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေပါဝင်ပြီး အလယ်ပိုင်းမှာတော့ ရေးဆွဲပေးထားတဲ့ အလုပ်တွေနဲ့ ကျသင်ငွေ တွေပါဝင်ပါတယ်။ အောက်ဆုံးပိုင်းကတော့ ကျေးဇူးတင်ကြောင်း နဲ့ Invoice နဲ့ ပတ်သတ်တဲ့ Term တွေ ပါဝင်ရေးဆွဲထားပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ ကတော့ Letterhead တို့ Invoice တို့ကို ထည့်မယ့် စာအိတ်ပါ။ သူ့ကိုလည်း Golden Ratio ကိုအခြေခံပြီး Layout အတွက်စဉ်းစားထားပြီး အမြင်ပိုင်းဆိုင်ရာ ဦးစားပေးမှု အတွက် Composition ကိုတော့ အနည်းငယ်ကစားထားပါတယ်။