Vector နှင့် Raster အကြောင်းလေ့လာကြည့်ခြင်း

ပုံမှန်အားဖြင့် ဒီဂျစ်တယ်နည်းပညာ နဲ့ဖန်တီးတဲ့ ပုံရိပ်တွေမှာ အဓိကအား ဖြင့် ၂မျိုးရှိပါတယ်။ သူတို့တွေကတော့ Vector နဲ့ Raster တို့ဘဲဖြစ်ပါတယ်။ Vector ပုံတွေကတော့ ပုံပေါ်မူတည်ပြီး ရာထောင်ချီတဲ့ ကွန်ပျူတာကို အခြေပြု ဖန်တီးထားတဲ့ အစက်လေးတွေ တစ်ခုနဲ့ တစ်ခုဆက်ပြီးတော့ တည်ဆောက်ထားတဲ့ ပုံတွေပါ။ Raster ပုံရိပ်တွေကတော့ Pixel လို့ခေါ်တဲ့ အစက်လေးတွေ နဲ့ ဖွဲ့စည်းထားတဲ့ပုံရိပ်လေးတွေပါ။ အဲ့တော့ Vector ဆိုတာဘာလဲ၊ Raster ဆိုတာဘဲ နဲ့ သူတို့တွေကို ဘယ်လိုတွေသုံးနေတယ်ဆိုတာတွေကို ကျွှန်တော်တို့လေ့လာကြည့်ပါမယ်။

 

Vector ပုံရိပ်များ

Vector ပုံရိပ်တွေကိုတော့ ကျွှန်တော်ပြောခဲ့သလို အစက်လေးတွေတစ်ခုနဲ့ တစ်ခုဆက်လို့ရလာတဲ့ မျဉ်းလေးတွေနဲ့ဖွဲ့စည်းထားတာပါ။ သူက အဲလို့ အစက်လေးတွေရဲ့ တည်နေရာအတိအကျပေါ်မှာဘဲ မူတည်ပြီး ဖွှဲုစည်းထားတာကြောင့် Vector ပုံတွေရဲ့ အရွယ်အစား ကိုဘယ်လောက်ဘဲကြီးကြီး၊ သေးသေး ၀ါးသွားတာတို့ဘာတို့ ရှိမှာမဟုတ်ပါဘူး။
ကျွှန်တော်တို့ ကြည့်နေတဲ့ ပုံက Vector ဟုတ်မဟုတ်ဆိုတာကိုတော့ ပုံကို ချဲ့ပြီး Zoom ဆွဲကြည့်ရင်သိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Vector ပုံတွေရဲ့ အနားသတ်တွေဟာ ဘယ်လောက်ဘဲချဲ့ချဲ့ ၀ါးမသွားလို့ပါ။ ကျွှန်တော်တို့ ကွန်ပျူတာမှာရေးတဲ့စာလုံးတွေဟာ Vector တွေကို အခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွှန်တော်တို့ ဘယ် Software မှမဆို  စာလုံးတွေကို ဘယ်လောက်ကြီးကြီး ၀ါးမသွားတာဖြစ်ပါတယ်။

 

Vector ပုံစံ ရေးဆွဲထားသော ဒီဇိုင်းတစ်ခု

 

Vector ပုံတွေရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ ဖိုင်အရွယ်အစား အလွန်သေးတာဘဲဖြစ်ပါတယ်။ ဒါကြောင့်ပုံတွေကို စက်တစ်ခုကနေ နောက်တစ်ခုကိုကူးကူး အင်တာနက်ကနေဘဲပို့ပို့ ဒီပြင့်ပုံအမျိုးအစားတွေထက်ပိုမို မြန်ဆန်ပါတယ်။ ဒါအပြင့် သူ့ရဲ့ဖွဲ့စည်းပုံက အနားသတ်မျဉ်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ လေဆာနဲ့ စာလုံးထွင်းတာတို့ အ၀တ်အထည်ပေါ်မှာ စာလုံးဖော်တာတို့ စတဲ့ နေရာမျိုးတွေမှာလည်းအသုံးဝင်ပါတယ်။

သူ့ရဲ့ အားနည်းချက်ကတော့ သူ့ကို အသုံးပြုဖို့ ကြည့်ရှုဖို့ဆိုရင် သူ့ကို ဖွင့်နိုင်တဲ့ Adobe Illustrator လို software တွေလိုအပ်တာဘဲဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းကြည့်နိုင်တဲ့ Rasterပုံဖြစ်တဲ့ JPEG ဖိုင်တွေလို အလွယ်တကူတော့ ကြည့်လို့မရပါဘူး။

 

အသုံးပြုပုံ

Vector ပုံတွေကိုတော့ အမှတ်တံဆိပ် Logo တွေရေးဆွဲရာ နဲ့ ကွန်ပျူတာနဲ့ ဖန်တီးရေးဆွဲရတဲ့ပုံတွေမှာ အဓိကထားပြီးသုံးပါတယ်။ Logo တွေကို ရေးဆွဲရာမှာတော့ Vector ကိုရေးဆွဲတဲ့ Illustrator လိုဆော့ဝဲလ်တွေကို သုံးပြီး ရေးဆွဲပြီးချိန်မှာတော့ အသုံးပြုရလွယ်ကူတဲ့ Rasterပုံတွေဖြစ်တဲ့ PNGတို့ JPEGတို့ လို ဖိုင်အမျိုးအစားတွေကို အမြင့်ဆုံးအရည်အသွေးတွေအဖြစ်နဲ့ ပြန်လည်သိမ်းဆည်း အသုံးပြုကြပါတယ်။

 

Logo အများစုကို Vector ပုံအမျိုးအစား နဲ့ ဘဲရေးဆွဲကြပါတယ်။

 

ဖိုင်အမျိုးအစားများ

ဆော့ဝဲလ် ဖိုင်အမျိုးအစားများ –

– Adobe Illustrator: .ai, .ait, .art
– Corel Draw: .cdr, .cdrw, .cdt
– Corel: pat (Paint Shop Pro Pattern Image)
– Digital Line Graph: .dlg, .do
– OpenOffice: .odg

 

အသုံးချ ဖိုင်အမျိုးအစားများ –

– .drw (vector file)
– .pif (vector image GDF format)
– .pct (Macintosh bitmap graphics format)
– .ps (Adobe PostScript)
– .eps (Encapsulated PostScript)
– .svf (Simple Vector Format).

Raster ပုံရိပ်များ

Raster ပုံတွေကိုတော့ Pixel လို့ခေါ်တဲ့ ပုံရိပ်အတုံးလေးတွေနဲ့ဖွဲ့စည်းထားတာပါ။ ကျွှန်တော်တို့ ဓါတ်ပုံတွေဗီဒီယိုကားတွေကို Zoom ဆွဲပြီးကြည့်ကြည့်မယ်ဆို မြင်ရမဲ့ အကွက်အကွက်လေးတွေဟာ Pixel လေးတွေဘဲဖြစ်ပါတယ်။ Pixel ရဲ့ အရှည်ကောက်ကတော့ Picture Elements လို့ခေါ်ပြီး ဘာသာပြန်မယ်ဆိုရင်တော့ ပုံရိပ်တစ်ခုရဲ့ အစိတ်အပိုင်းဆိုပြီး အဓိပ္ပါယ်ရပါတယ်။ Raster ပုံတိုင်းမှာ သူ့ရဲ့ ပင်ကိုယ်အရွယ်အစားနဲ့ Pixel ပါဝင်မှုအတိအကျရှိပါတယ်။ Raster ပုံတွေရဲ့ ရုပ်ထွက်ကြည်လင်ပြတ်သားမှုကို PPI(Pixel Per Inch) လို့ခေါ်တဲ့ ၁ လက်မပတ်လည်မှာရှိတဲ့ Pixel အရေအတွက်နဲ့ တိုင်းတာပါတယ်။။ ဒါကြောင့် Vector ပုံရိပ်တွေလို တည်နေရာတွက်ချက်မှုတွေကို အခြေခံပြီးတည်ဆောက်ထားတာ မျိုးမဟုတ်တဲ့အတွက် သူ့ရဲ့ မူလအရွယ်အစားထက် ပိုပြီးကြီးလိုက်မယ်ဆိုရင် ၀ါးသွားမှာဖြစ်ပါတယ်။

 

အပေါ်က Raster ပုံတွေရဲ့ အလုပ်လုပ်ပုံကို ကြည့်မယ်ဆိုရင် ပုံကို အကြီးချဲ့လိုက်မယ်ဆို ၀ါးသွားတာကို တွေ့ရမှာပါ။ အဲဒါဘာလို့လဲဆိုရင်တော့ ဥပမာ 3PPI ရှိတဲ့ ၁လက်မပတ်လည်အရွယ်အစား Raster ပုံတစ်ပုံကို 3PPI ရှိတဲ့ ၂ လက်မပတ်လည် အရွယ်အစားချဲ့လိုက်မယ်ဆိုရင် အနည်းငယ်ဝါးသွားမှာပါ။ ဘာလို့လဲဆိုတော့ မူလ ပုံမှာ စုစုပေါင်း ၁လက်မ Pixel 9ခု (3px (row) x 3px(column)) ရှိရာကနေ ၂ လက်မ Pixel 36ခု (6px(row) x 6px(column) ) ဖြစ်သွားတဲ့အတွက် မူရင်း 1px တိုင်းက ပုံအရွယ်အစားချဲ့လိုက်တဲ့အခါ 4px ဖြစ်သွားတဲ့အတွက်  ပြတ်သားမှုရှိတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် Raster ပုံရိပ်တွေဟာ Vector တွေထက်စာရင် ဖိုင်အရွယ်အစားပိုမိုကြီးမားကြပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့ သူက သူ့မှာပါတဲ့ Pixel တွေရဲ့ အချက်အလက်တွေကိုသိမ်းဆည်းထားရတာကြောင့်ဖြစ်ပါတယ်။

 

 

အသုံးပြုပုံ

သူ့ကိုတော့ ဓါတ်ပုံပြင်လုပ်ငန်းတွေ၊ ကြေငြာဒီဇိုင်းလုပ်ငန်း တွေနဲ့  ဓါတ်ပုံကို အဓိကထားပြီးသုံးတဲ့ ဒီဇိုင်းမျိုးတွေမှာအသုံးပြုပါတယ်။ ကျွှန်တော်တို့ ဖုန်းတွေ၊ ကင်မရာတွေနဲ့ ပုံရိပ်ဖတ်စက် Scannerတွေက ထွက်တဲ့ပု့ရိပ်တွေ အကုန်လုံးက Raster ပုံရိပ်ဓါတ်ပုံတွေ ဖြစ်ပါတယ်။ Raster ပုံတွေဟာ ဒီဂျစ်တယ်နယ်ပယ်ဖြစ်တဲ့ အင်တာနက်တို့ ကွန်ပျူတာတို့မှာ အသုံးပြုလို့ ကောင်းမွန်ပေမဲ့ ပုံနိုပ်ထုတ်ဝေတဲ့နေရာမှာတော့ တစ်ချို့နည်းလမ်းတွေအတွက် အဆင်မပြေပါဘူး။ ပိုးဇာဘောင်ရိုက်တဲ့နေရာမျိုးမှာကျရင် Raster ပုံတွေရဲ့ မူလအရည်အသွေးအတိုင်းမရရှိနိုင်ပါဘူး။ဒါပေမဲ့ စာအု့ပ်တို့၊ မဂ္ဂဇင်းတို့၊ သတင်းစာတို့လို ပုံနိုပ်လုပ်ငန်းတွေမှာတော့ Raster ပုံရိပ်တွေဖြစ်တဲ့ ဓါတ်ပုံတွေကို အဆင်ပြေစွာ ရိုက်နိုပ်သုံးဆွဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲလိုမျိုးပုံနိုပ်နည်းလမ်းတွေမှာ ကျွှန်တော်တို့ ဒီဂျစ်တယ်မျက်နှာ့င် ရုပ်ထွက်အရည်အသွေးကို တိုင်းတာတဲ့ PPI လိုမျိုး ပုံနှိပ်လုပ်ငန်းတွေမှာ တိုင်းတာတဲ့ DPI(Dot Per Inch)လို့ခေါ်တဲ့ တစ်လက်မအတွင်းမှာရှိတဲ့ အစက်အရည်အတွက် အမြောက်အများနဲ့ ရိုက်နိုပ်နိုင်တဲ့အတွက်ပါ။ DPI နဲ့ PPI အကြောင်းကိုတော့ နောက်ပိုင်းကျရင် အသေးစိတ်ကျွှန်တော်ရေးသားပေးသွားပါမယ်။ အကြမ်းဖျင်းအားဖြင့်ဆိုရင်တော့ ပုံနိုပ်အတွက်ဆို 300 DPI ကကောင်းမွန်တဲ့အရည်အသွေးကိုရနိုင်ပါတယ်။

 

Raster ပုံ အမျိုးအစား ကြေငြာ ဒီဇိုင်းတစ်ခု

 

ဖိုင်အမျိုးအစားများ

ဆော့ဝဲလ် ဖိုင်အမျိုးအစားများ –
– Adobe Photoshop: .psd

အသုံးချ ဖိုင်အမျိုးအစားများ –

– .jpg (JPEG raster format)
– .gif (GIF transparent file)
– .png (Portanble Network Graphic Transparent file)
– .tiff or .tif (Tag Interleave Format)

ခုပြောတဲ့ ပုံရိပ်အမျိုးအစား နှစ်ခုလုံးကတော့ ဒီဂျစ်တယ်ပုံရိပ်အမျိုးအစားတွေဘဲဖြစ်ပြီး ကျွှန်တော်တို့ ဓါတ်ပုံတို့၊ ပိုစတာတို့၊ စသဖြင့် ပုံနိုပ်လိုက်ပြီ ဆိုရင်တော့ သူ့အရွယ်အစားအတိုင်းဘဲ ဖြစ်မှာဖြစ်ပြီး ၁လက်မ ပတ်လည် ဓါတ်ပုံတစ်ပုံကို ၂လက်မချဲ့လိုက်မယ်ဆိုရင် ၀ါးသွားမှာသာဖြစ်ပါတယ်။

ဒါတွေကတော့ Vector နဲ့  Raster ပုံအမျိုးအစားနှစ်ခုရဲ့ အကြောင်း ဘဲဖြစ်ပြီး ခုဆောင်ပါးနဲ့ ပတ်သတ်ပြီး ဝေဖန်အကြံပေးချင်လို့ဘဲဖြစ်ဖြစ် မေးစရာတွေရှိလို့ဘဲဖြစ်ဖြစ် အောက်က Comment မှာဝင်ရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment