ဒီဇိုင်းစက်ဝန်း (သို့) Trinity Of Design
ဒီဇိုင်းဆိုတဲ့ စကားလုံးက သက်ဆိုင်ရာ နယ်ပယ်တွေအလိုက် အဓိပ္ပာယ်တွေကွဲသွားပေမဲ့ ဘယ်တော့ဘဲဖြစ်ဖြစ် အမြဲတူနေတဲ့ အရာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဒီဇိုင်းစက်ဝန်းလို့ခေါ်တဲ့ ဒီဇိုင်းရဲ့ အလုပ်လုပ်ပုံ ဖြစ်ပြီး…
ဒီဇိုင်းဆိုတဲ့ စကားလုံးက သက်ဆိုင်ရာ နယ်ပယ်တွေအလိုက် အဓိပ္ပာယ်တွေကွဲသွားပေမဲ့ ဘယ်တော့ဘဲဖြစ်ဖြစ် အမြဲတူနေတဲ့ အရာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဒီဇိုင်းစက်ဝန်းလို့ခေါ်တဲ့ ဒီဇိုင်းရဲ့ အလုပ်လုပ်ပုံ ဖြစ်ပြီး…
ဒီမေးခွန်းက ကျွန်တော် Freelance စလုပ်ချိန်ထဲက အခက်ခဲဖြစ်ခဲ့တဲ့ မေးခွန်းဖြစ်သလို ဒီဇိုင်းနာတော်တော်များများလည်းသိချင်ကြမယ်လို့ထင်ပါတယ်။
Futurism လှုပ်ရှားမှုကိုစတင်စေခဲ့သူကတော့ အီတလီမှာရှိတဲ့ ကဗျာဆရာ Filippo Marinetti ဖြစ်ပါတယ်။ ၁၉၀၉ ခုနှစ် မှာသူရေးခဲ့တဲ့ Futurism ကြေငြာချက်ဆိုတဲ့ ဆောင်းပါးကနေ ဒီလှုပ်ရှားမှုဟာ အစပြုခဲ့တာဖြစ်ပါတယ်။
ဒီဟန်ပန်ကတော့ အနုပညာ နဲ့ ဒီဇိုင်းလောကအတွက် တော်တော့် ကို စိတ်လှုပ်ရှားဖို့ ကောင်းစေခဲ့တဲ့ ဟန်ပန်ပါ။ ပြီးခဲ့တဲ့ အပိုင်း Art & Craft လှုပ်ရှားမှုရဲ့ အသီးအပွင့်တွေ ပွင့်ဖူးလာတဲ့ အချိန်ဖြစ်သလို တိုးတတ်လာတဲ့ ပုံနိုပ်စနစ်တွေကြောင့် ပျံ့ နှံမှုကလည်း ပိုမိုမြန်ဆန်လာပြီး နိုင်ငံအနှံအပြား မှာ နာမည်အသီးသီးနဲ့ အောင်မြင်ခဲ့တဲ့ ဟန်ပန်တစ်ခုလည်းဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကတော့ စက်မှုတော်လှန်ရေးနဲ့ တိုးတတ်လာတဲ့ နည်းပညာတွေကြောင့် ဖြစ်လာတဲ့ အလုပ်အကိုင်ရှားပါးမှုတွေ၊ အရည်အသွေးနိမ့်ပစ္စည်းတွေ များလာတာတွေ၊၊ အရေအတွက်ကိုသာ ဦးစားပေးပြီး လှပမှုမရှိသောပစ္စည်းများပေါများလာတာတွေ၊ ပိုက်ဆံရယုံဘဲကြည့်တဲ့ ကြေငြာတွေ ကြောင့် ဖြစ်လာတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
ဗစ်တိုးရီးယန်းခေတ်ကိုတော့ အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီးယား နန်းတတ်ခဲ့တဲ့ ၁၈၃၇ ခုနှစ်ကနေ ၁၉၀၁ ခုနှစ်ထိကို ဗစ်တိုးရီးယန်းခေတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလဟာ အင်္ဂလန်အင်ပါယာရဲ့ ဘုန်းမီးနေလ တောက်ခဲ့တဲ့အချိန်လည်းဖြစ်ပြီး ကမ္ဘာကြီးရဲ့ ၄ပုံ ၁ပုံ ကို အင်္ဂလန် အင်ပါယာက ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ အတွက် အတိတ်မှာ ဘာတွေဖြစ်ခဲ့တယ် ဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာတွေကို သိဖို့လိုပါမယ်။ ဒါကြောင့် ဒီဆောင်းပါးတွဲလေးကို ရေးဖြစ်သွားတာဖြစ်ပြီး ဒီဆောင်ပါးတွဲကနေပြီး ဒီဇိုင်းဆိုတာဘယ်လိုမျိုးဖြစ်လာတယ် ဘယ်လိုအချိန်မှာ ဘယ်လိုမျိုးတွေ ပြောင်းလဲသွားတယ်ဆိုတာတွေကို လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
အရောင်းသွက်ဖို့ ဒီဇိုင်းက ဘယ်လိုကူညီမှာလဲ? “Good Design Is Good Business” ဆိုတဲ့ စကားကို ကျွန်တော်တို့ ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ နယ်ပယ်တော်တော်များများမှာ အသုံးများတာဖြစ်ပေမဲ့ ဖန်တီးနိုင်မှုနဲ့ မျက်စိပဒေသာရှိတဲ့ သဘောမျိုးကိုသာ အခြေခံပြီး ပြောတာများကြပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ ဘယ်ဒီဇိုင်းသဘောတရားတွေက လုပ်ငန်းတစ်ခုရဲ့ ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုးတွေ အလုပ်လုပ်ပြီး ဘယ်လိုကူညီလဲဆိုတာကို ရေးသွားမှာပါ။ Coustomer Journey နှင့် ဒီဇိုင်း၏ အလုပ်လုပ်ပုံ Coustomer Journey ဆိုတာကတော့ လုပ်ငန်းတစ်ခုရဲ့ ထုတ်ကုန် (သို့) ၀န်ဆောင်မှုတစ်ခုကို စားသုံးသူတစ်ယောက်က ဘာမှမသိတဲ့ အခြေနေကနေ ၀ယ်ယူတဲ့ အဆင့်ထိ အဆင့် ၅ ဆင့် ပါပြီး ၀ယ်ယူပြီး ၂ ဆင့် ပါတဲ့ အဆင့်…
ဒီတစ်ခေါက်အတွက်ကတော့ စာလုံးပုံစံစီစဉ်ရေးသားနည်း ဆောင်းပါးတွဲရဲ့ ၄ပုဒ် မြောက်ဆောင်းပါးဖြစ်တဲ့ လက်ရေးဆက် စာလုံးပုံစံများ နှင့် အလှဆင် စာလုံးပုံစံများ အကြောင်းကို ရေးသားပေးသွားမှာပါ။ ဒီစာလုံးပုံစံကတော့ လက်ရေးဆက်လို့ပြောတဲ့အတိုင်း သူရဲ့ပုံစံက လက်နဲ့ ရေးတဲ့စာလုံးပုံစံတွေကို အခြေခံပါတယ်။
ဒီနေရာမှာ Sans Serif လို့ခေါ်ရတဲ့အကြောင်းရင်းကတော့ Sans ဆိုတာ ပြင်သစ်ဘာသာစကားမှာတော့ “မပါဝင်တာ” ကိုပြောတာဖြစ်ပြီး Serif ဆိုတာကတော့ ဒတ်ခ်ျဘာသာစကားအရ “စုတ်ချက်” သို့ “မျဉ်း” ကိုပြောတာဖြစ်ပါတယ်။
လူသားတွေဟာ ကျောက်ခေတ်ထဲက လှိုင်ဂူတွေထဲမှာ ပုံရိပ်တွေရေးဆွဲရင်းက တစ်ဆင့် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရေးကို လုပ်လာရာကနေ ၁၅ ရာစုရောက်လာတဲ့ အခါမှာတော့ ကျွှန်တော်တို့ ဒီနေ့ ခေတ်မှာသုံးတဲ့ စာလုံးပုံစံတွေကို စတင်အသုံးပြုလာကြပါတယ်။
ဒီဇိုင်းနဲ့ပတ်သတ်ရင် လေ့လာစရာနည်းပါးတဲ့ ကျွှန်တော်တို့ဆီမှာတော့ Typography နဲ့ပတ်သတ်ပြီး တစ်ချို့နေရာလေးတွေမှာတော့ အယူအဆ လွဲမှားတာလေးတွေရှိကြပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးကို ကျွှန်တော်တို့ဆီက ဒီဇိုင်းကို လေ့လာနေတဲ့ သူတွေအတွက် တစ်နေရာရာက ဖြစ်ဖြစ် အသုံးဝင်အောင်လို့ ရေးသားလိုက်ပါတယ်။
ဒီတစ်ပိုင်းကတော့ ကျွှန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်းအခြေခံ နှင့် ပုံသေနည်းများ ဆောင်းပါးတွဲရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ တစ်စုတစ်စည်းတည်းဖြစ်မှု Unity အကြောင်းဘဲဖြစ်ပါတယ်။ တစ်စုတစ်စည်းတည်းဖြစ်မှုဆိုတာကတော့ ကျွှန်တော်တို့ ဒီဇိုင်းထဲမှာရှိတဲ့ ဒီဇိုင်းအစိတ်အပိုင်း တစ်ခုနဲ့ တစ်ခုက အပြန်အလှန်ချိတ်ဆက်ရင်းနဲ့ ရည်ရွယ်ချက်တစ်ခုထဲကို အတူတကွ ဖော်ဆောင်တာမျိုးကို ပြောတာဖြစ်ပါတယ်။
ကျွှန်တော်တို့ရဲ့ ဒီဇိုင်းမှာ အစိတ်အပိုင်းတစ်ခုခုကို တစ်ခုထပ်ပိုသုံးရင် ထပ်တလဲလဲဖြစ်မှုကို ဖြစ်ပေါ်စေပြီး ထပ်တလဲလဲဖြစ်မှု ကို တစ်ခုထပ်ပိုပြီး အသုံးပြုမယ်ဆိုရင်တော့ စည်းချက်ကျမှုဆိုတာဖြစ်လာပါတယ်။စည်းချက်ကျမှုဆိုတာ ကျွှန်တော်တို့ ဒီဇိုင်းမှာရှိတဲ့ ဒီဇိုင်းအစိတ်အပိုင်းတွေ တစ်ခုနဲ့ တစ်ခု ကို နေရာလွတ်တွေကနေတစ်ဆင့် အပြန်အလှန်ဆက်သွယ်ပြီး အသက်ဝင်တဲ့ စည်းချက်တစ်ခုဖြစ်လာတာကို ပြောတာပါ။
ဦးစားပေးမှုလို့ ဆိုတဲ့အတိုင်းဘဲ ဒီပုံသေနည်းကတော့ ကျွှန်တော်တို့ရဲ့ ဒီဇိုင်းတွေထဲမှာ တစ်ခုခုကို အရေးပိုကြီးတယ်လို့ ပြချင်တဲ့ အခါမျိုးမှာသုံးပါတယ်။ သူ့ရဲ့ရယ်ရွယ်ချက်ကတော့ ကြည့် ရှုသူရဲ့ အာရုံကို တစ်နေရာထဲကို ဆွဲဆောင်ဖို့အတွက်ပါဘဲ။
ပုံမှန်အားဖြင့် ဒီဂျစ်တယ်နည်းပညာ နဲ့ဖန်တီးတဲ့ ပုံရိပ်တွေမှာ အဓိကအား ဖြင့် ၂မျိုးရှိပါတယ်။ သူတို့တွေကတော့ Vector နဲ့ Raster တို့ဘဲဖြစ်ပါတယ်။ အဲ့တော့ Vector ဆိုတာဘာလဲ၊ Raster ဆိုတာဘဲ နဲ့ သူတို့တွေကို ဘယ်လိုတွေသုံးနေတယ်ဆိုတာတွေကို ကျွှန်တော်တို့လေ့လာကြည့်ပါမယ်။
မတူခြားနားမှု ဆိုတဲ့ ဒီပုံသေနည်းကတော့ ဆွဲသမျှဒီဇိုင်းထဲမှာ ထည့်သွင်းအသုံးပြုသင့်တဲ့ ပုံသေနည်းတစ်ခုပါဘဲ။ ဘာကြောင့်လဲဆိုရင်တော့ သူက ဒီဇိုင်းတွေကို အစီစဉ်တကျဖွဲ့စည်းပေးသလို ဘယ်အပိုင်းကတော့ ပိုအရေးကြီးတယ် ဘယ်အပိုင်းကတော့ သိပ်အရေးမကြီးဘူး စတာတွေကို အလွယ်တူသိနိုင်အောင်ပြုလုပ်ပေးပါတယ်။ ဒါ့အပြင့် ကောင်းမွန်တဲ့ မတူခြားနားမှုကို အသုံးပြုမှုက ဒီဇိုင်းတစ်ခုကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ်။
ဂရပ်ဖစ်ဒီဇိုင်းအခြေခံ ပုံသေနည်းတွေထဲက ထပ်တလဲလဲဖြစ်မှုဆိုတာကတော့ ဒီဇိုင်း အစိတ်အပိုင်းတွေဖြစ်တဲ့ မျဉ်းတွေ၊ အရောင်တွေ၊ ထုထည်စတာတွေပါဝင်ပေါင်းစပ်ဖန်တီးထားတဲ့ဒီဇိုင်း တစ်ခုခုကို ထပ်ကာထပ်ကာ အသုံးပြုတာကိုပြောတာပါ။ ထပ်တလဲလဲပြောတာတို့၊ ထပ်တလဲလဲလုပ်တာတို့က အမြဲတမ်းဆိုရင် ရိုးလာတတ်ပေမဲ့ ဒီဇိုင်းမှာတော့ သုံးတတ်မယ်ဆိုရင် အားသာမှုတစ်ခုအနေနဲ့ ရှိပါတယ်။
အရိပ်ယောင်ပြလှုပ်ရှားမှု ဆိုတာဟာ အရာဝတ္ထု၊ သတ္တ၀ါ (သို့) လူတွေ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်နေစဉ်နဲ့ ပြုလုပ်ခါနီး (သို့) အခြေအနေတစ်ခုခု ဖြစ်ပျက်ခါနီး ပုံတွေကို ဒီဇိုင်းတစ်ခုမှာအသုံးပြု တာကို ဆိုလိုတာပါ။ အဲလိုမျိုးဒီဇိုင်းတစ်ခုဟာ ဒီဇိုင်နာရဲ့ အသုံးပြုပုံ နဲ့ ကြည့်ရှုသူရဲ့ ယခင်က ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာခံစားချက်ကိုပေးစွမ်းနိုင်ပြီး အသက်ဝင်တဲ့ ဒီဇိုင်းတစ်ခုကိုလည်း ဖြစ်စေပါတယ်။
ကျွှန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်းမှာ သက်ဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး ပုံသေနည်းတွေ အမြောက်အများရှိပေမဲ့လည်း ဒီဆောင်းပါး အတွဲအနေနဲ့ကတော့ ဒီဇိုင်နာတိုင်းသိထားသင့်တဲ့ အခြေခံ ပုံသေနည်း ( ၇ ) မျိုးအကြောင်းကို ရေးသားပေးသွားပါမယ်ခင်ဗျာ။
ကျွှန်တော်တို့ ဂရပ်ဖစ်ဒီဇိုင်း ကိုတော့ အခြေခံလို့ ပြောလိုက်ရင် အများစု က Photoshop တို့ Illustratorတို့ကို ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ PS တို့ AI တို့က ကျွှန်တော်တို့ စဉ်းစားလိုက်တဲ့ ဖန်းတီးမူ တွေကို ပုံဖော်ပေးတဲ့ အသုံးချကိရိယာ သက်သက်သာဖြစ်ပါတယ်။ ဒါကြောင့် ဖန်တီးမူ တွေကို ပုံမဖော်ခင် စတင်စဉ်းစားနိုင်ဖို့အတွက်တော့ ဂရပ်ဖစ်ဒီဇိုင်းရဲ့ အခြေခံ အချက်တွေကို သိထားဖို့လိုပါမယ်။
ဂရပ်ဖစ်ဒီဇိုင်းသင်တန်းတစ်ခုခုပြီးတာနဲ့ လစာ ၁သိန်းခွဲ ၂သိန်းရပြီး လုပ်သက်ရလာရင် ရလာသလို ၄သိန်း ၅သိန်း ရှာလို့ရနိုင်တဲ့ ကျွှန်တော်တို့ဆီမှာ “ဂရပ်ဖစ်ဒီဇိုင်းဆိုတာ ဘာလဲ” ဆိုပြီးတိတိ ကျကျ မသိလည်း သိပ်တော့ပြဿနာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခုချိန်မှာ နိုင်ငံခြားကုမ္မဏီတွေ ၀င်လာပြီး ဒီဇိုင်နာတွေကို ၁လ ၁၅သိန်း သိန်း၂၀ ပေးတဲ့ အဲလိုနေရာတွေမှာ လုပ်ဖို့ ဆိုရင်တော့ အခြေခံကနေ စပြီး သေချာသိလိုလာပါပြီ။
Dimple အမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း Dimple ကတော့ မိန်းကလေးတွေနဲ့ ဆိုင်တဲ့ Fancy ပစ္စည်းလေးတွေရောင်းချပေးနေတဲ့ဆိုင်ဖြစ်တဲ့အတွက် သူ့အတွက် အမှတ်တံဆိပ်စဉ်းစားတဲ့ အချိန်မှာ မိန်းကလေးဆန်ပြီး နူးညံပြီးချစ်ခင်ဖွယ်ကောင်းတဲ့ ပုံစံမျိုးကို ဦးစားပေးစဉ်းစားခဲ့ပါတယ်။ ဒါကြောင့် Dimple က ပစ္စည်းလေးတွေကို အသုံးပြုတဲ့ မိန်းကလေးတွေအနေနဲ့ နတ်သမီးလေးတစ်ယောက်လိုလှပပြီး လူတိုင်းရဲ့ မေတ္တာကို အတိုင်းအဆမရှိ ရနိုင်တယ်ဆိုတဲ့ ပုံဆန်မျိုးလေးပေါ်အောင် လိုဂိုဒီဇိုင်းကို နတ်သမီးရယ်၊ အဆုံးအဆမရှိတဲ့ ( Infinity ) အမှတ်အသားရယ် အသည်းပုံလေးကို ပေါင်းစပ်ရေးဆွဲဖြစ်ခဲ့ပါတယ်။
ကျွှန်တော့်ရဲ့ အမှတ်တံဆိပ် ဒီဇိုင်းအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း ဒီ 3D ဘူး ဒီဇိုင်းလေးကတော့ ကျွှန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့တဲ့ Power Ranger ဇာတ်လမ်းတံဆိပ်နဲ့ အချိုရည်ဆိုရင်ဘယ်လိုပုံစံရှိမလဲဆိုပြီး ရေးဆွဲထားတဲ့ပုံဖြစ်ပါတယ်။
MH Spray 3D ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း ဒီ Spray ဘူးလေးကတော့ ကျွှန်တော့်အားလပ်ချိန်မှာ ရေးဆွဲထားတဲ့ 3D ဒီဇိုင်းလေးတစ်ခုပါ။
Black Label – Donnie Talker3D ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း ဒီပုလင်းပုံလေးကတော့ ကျွှန်တော့်ရဲ့အားလပ်တဲ့ အချိန်လေးမှာရေးဆွဲထားတဲ့ 3D ပုလင်းပုံစံလေးဘဲဖြစ်ပါတယ်။
Nihon Autoအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း Nihon Auto အတွက် ဒီဇိုင်းရေးဆွဲပေးတဲ့အခါမှာတော့ ပုံမှန်ကားမော်ဒယ်ကနေပြီး နောက်ဆုံးပေါ်ရှားပါးကားတွေရဲ့ အပိုပစ္စည်းတွေ ကားကိုယ်ထည်အစိတ်အပိုင်းတွေအထိ အာမခံအပြည့်နဲ့ရောင်းပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ယုံကြည်စိတ်ချနိုင်မှု ပစ္စည်းအရည်အသွေးမှန်ကန်မှုစတာတွေကို ပုံဖော်ပေးနိုင်မဲ့ အမှတ်တံဆိပ်တစ်ခုကို ပုံဖော်ပေးဖို့ အခြေခံပြီးစဉ်းစားခဲ့ပါတယ်။ ဒါအပြင့် ရိုးရှင်းပြီး အဆင့်တန်းမြင့်တဲ့ အမှတ်တံဆိပ်မျိုးကို ကြိုက်တဲ့ ပိုင်ရှင်အကိုအတွက် နောက်ဆုံးမှာတော့ အာမခံမှု၊ ပစ္စည်းအရည်အသွေးတိကျသေချာမှုတွေကို ကိုယ်စားပြုနိုင်မဲ့ အမှန်ခြစ်ပုံစံ အမှတ်အသားလေးကို Nihon Auto ရဲ့ အတိုကောက် NA ဆိုတဲ့စာလုံးမှာ ပေါင်းစပ်ရေးဆွဲထားတဲ့ ဒီဇိုင်းလေးကိုဘဲ ကျွှန်တော်တို့ ရွှေးခြယ်ဖြစ်ခဲ့ပါတယ်။
King Bakeryအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း ဒီ ဒီဇိုင်းကို စပြီး စဉ်းစားထဲက ရိုးရှင်းသပ်ရက်ပြီး မှတ်မိလွယ်တဲ့ ပုံစံမျိုးကိုဘဲ အသားပေးရေးဆွဲဖို့ အာရုံစိုက်ခဲ့ပါတယ်။ ဒါကြောင့် ရိုးရှင်းပြီးထိရောက်တဲ့ ဒီဇိုင်းပုံစံရယ်၊ အလုပ်အပ်သူနဲ့ ပူပေါင်းလုပ်ဆောင် တဲ့နေရာမှာ လိုက်လျောညီထွေ နဲ့ စနစ်တကျရှိတဲ့ အလုပ်လုပ်တဲ့ ပုံစံတွေကို ထည့်သွင်းရေးဆွဲဖို့ စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ဒီ Logo ကို ဘဲအကြိုက်တွေ့ခဲ့ပါတယ်။
TURBOအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း ဒီ Delivery Service ကုမ္ပဏီအတွက် အမှတ်တံဆိပ်လိုဂိုကို စဉ်းစားတဲ့အခါမှာတော့ ရိုးရှင်းပြီး ခေတ်နဲ့အညီရှိမဲ့ ပုံစံမျိုးကို ဦးစားပေးပြီးစဉ်းစားဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒီကုမ္ပဏီ ရဲ့ အားသာချက်တစ်ခု ဖြစ်တဲ့ နည်းပညာအထောက်အပံ့နဲ့ Real Time Tracking လုပ်နိုင်တာတွေ၊ နေ့စဉ် အပတ်စဉ် လစဉ် စတဲ့ စာရင်းတွေကို ကိုယ်တိုင်ပြန်လည်စစ်ဆေးနိုင်တာ တွေကြောင့် နည်းပညာ အသုံးပြုတဲ့ smart delivery service တစ်ခုဖြစ်တယ်ဆိုတာကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါတယ် ။ ဒါကြောင့်လည်း နောက်ဆုံးမှာ တစ်နေရာနဲ့ တစ်နေရာကို လွယ်ကူလျင်မြန်စွာ ပိုဆောင်တဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုမဲ့ ငှက်ပုံလေးရယ် နေရာအမှတ်အသားကိုပြတဲ့ အမှတ်အသားလေးရယ်ကို ပေါင်းပြီးတော့ နည်းပညာကိုလည်း ကိုယ်စားပြုနိုင်မဲ့ စက်ရုပ်ငှက်ပုံစံမျိုးလေးကို ကျွှန်တော်တို့ ရေးဆွဲ ရွှေးချယ်ခဲ့ပါတယ်။
Freshအမှတ်တံဆိပ် ဒီဇိုင်း နောက်ကွယ်မှ ဒီဇိုင်းရေးဆွဲပုံ အကြောင်း Fresh အတွက် ဒီဇိုင်းကိုစဉ်းစားတဲ့အချိန်မှာတော့ လူငယ်တွေအဓိက သဘောကျတဲ့ ကားအလှဆင်တဲ့ လုပ်ငန်းဖြစ်သလို အရည်သွေးမြင့်တဲ့ ဆန်းသစ်တဲ့ ပုံစံတွေနဲ့ ဈေးကွက်ကို ဦးဆောင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်တာကြောင့် သွက်လက်ပြီး လူငယ်ဆန်တဲ့ ပုံစံမျိုးကို ဦးစားပေးပြီး ကျွှန်တော်တို့ စဉ်းစားခဲ့ပါတယ်။ ဒါကြောင့်ဘဲ နောက်ဆုံးမှာ လက်ရေးဆက်ပုံစံ ဒီလိုဂိုလေးကိုဘဲ ကျွှန်တော်တို့ ရွှေးချယ်ဖြစ်ခဲ့ပါတယ်။ သူနဲ့တွဲပြီးတော့လည်း Sitcker တို့ဘာတို့မှာတွဲသုံးနိုင်ဖို့ Emblem ပုံစံတံဆိပ်လေးကိုပါ ထပ်မံရေးဆွဲခဲ့ပါတယ်။